BBC News, မြန်မာ - ပင်မစာမျက်နှာ
ထိပ်တန်း သတင်းများ
တိုက်ရိုက်ထုတ်လွှင့်မှု, ဘန်ကောက်မြိုက IMF နဲ့ ကမ္ဘာ့ဘဏ်ဆွေးနွေးပွဲဆန္ဒပြခံရ
ဘန်ကောက်မြိုက IMF နဲ့ ကမ္ဘာ့ဘဏ်ဆွေးနွေးပွဲဆန္ဒပြခံရ၊ မြန်မာမှာ အိမ်သုံးဂက်စ်စျေးတက်၊ပစ္စည်းပြတ်ပြီးခွဲတမ်းနဲ့ပဲဝယ်လို့ရနေတဲ့သတင်းအပါအဝင် အောက်တိုဘာ ၁၅ ရက် ကမ္ဘာနဲ့ နိုင်ငံတဝန်းထူးခြားသတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးနေပါတယ်။
ဂျပန်မှာ နိုင်ငံခြားသားတွေအမြဲတမ်းနေထိုင်ခွင့်ကြေးအဆ ၂၀ မြှင့်
ဂျပန်မှာ တိုးလာနေတဲ့နိုင်ငံခြားသားလူဦးရေကို စီမံဖို့ရည်ရွယ်တဲ့လူ၀င်မှုကြီးကြပ်ရေးမူ၀ါဒ အပြောင်းအလဲတွေရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် အခုလို နေထိုင်ခွင့်ကြေးတိုးမြှင့်လိုက်တာဖြစ်ပါတယ်။
နိုမီနီ - ထိုင်းမှာအိမ်ခြံမြေဝယ်ထားတဲ့မြန်မာတွေ အမည်ခံကုမ္ပဏီတွေကြောင့် စစ်ဆေးခံရလာ
ထိုင်းအစိုးရက အမည်ခံကုမ္ပဏီတွေကတစ်ဆင့် အိမ်ခြံမြေဝယ်ယူထားတဲ့ နိုင်ငံခြားသားတွေကို စီးနင်းစစ်ဆေးဖမ်းဆီးမှုတွေ တိုးမြှင့်လာနေပါတယ်။ ချင်းမိုင်မှာ မြန်မာ ၃ ဦး ဖမ်းဆီးခံထားရပြီး နောက်ထပ် ၇ ဦးကို ဖမ်းဝရမ်းထုတ်ထားပါတယ်။ ဒီအခြေအနေမှာ ထိုင်းနိုင်ငံမှာ အိမ်ခြံမြေကို ဘယ်လိုတရားဝင်ဝယ်ယူနိုင်သလဲ၊ ဝယ်ယူထားတဲ့ မြန်မာတွေအတွက် ဘယ်လိုအန္တရာယ်တွေရှိလာနိုင်သလဲဆိုတာကို တင်ပြထားပါတယ်။
‘ငြိမ်းချမ်းရေးအတွက် တရုတ်မှာပဲ တွေ့နိုင်’ - KIA က နေပြည်တော်ကိုတုံ့ပြန်
နေပြည်တော်ရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်ကို KIA က တရုတ်ဘက်ခြမ်းမှာသာ တွေ့ဆုံနိုင်မယ်လို့ တုံ့ပြန်ထားတဲ့သတင်းအပါအဝင် အောက်တိုဘာ ၁၄ ရက် ကမ္ဘာနဲ့ နိုင်ငံတဝန်းထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။
ဂျီနိုဆိုက် ကျူးလွန်ကြောင်း မြန်မာကို ICJ ဆုံးဖြတ်မှာလား
ဂျီနိုဆိုက် ပဋိညာဥ်ချိုးဖောက်မှု နိုင်ငံအနေနဲ့ကို တာဝန်ရှိတယ်လို့ ဆုံးဖြတ်ခံရမလား
အထူးစာမျက်နှာ
ဘီဘီစီမြန်မာပိုင်းရဲ့ သတင်းတွေကို တယ်လီဂရမ်မှာလည်း ဝင်ကြည့်နိုင်ပါပြီ။
မြန်မာနဲ့နိုင်ငံတကာ ထိပ်တန်းသတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ တယ်လီဂရမ်ချန်နယ်ကနေ တင်ဆက်ပေးနေပါတယ်။
နားဆင်ကြည့်ရှုရန်
ဗီဒီယို, ဘီဘီစီ မြန်မာတီဗီ အစီအစဉ်
နောက်ဆုံးရ နိုင်ငံတကာ နဲ့ အားကစားသတင်းများ
ညပိုင်းအစီအစဉ်
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
ဆောင်းပါး
ရခိုင်ပြည်မှာမနေချင်လို့ ခိုးထွက်ကြသူတွေ
"တပ်တော်ရဲ့ထောက်လှမ်းရေးက နာမည်ကြီးတယ်။ ဒါကိုကျော်ပြီး မြို့ပြင်ထွက်ဖို့တောင်မဖြစ်နိုင်ဘူး။ ဒါကိုမှ လူအုပ်လိုက်ကြီးတွေထွက်လာတာဆိုတော့ အုပ်ချုပ်ရေးမပါဘဲမရဘူး"လို့ တောင်ကုတ်ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
စစ်တိုင်းအပြောင်းအလဲတွေကပြတဲ့ မြန်မာပြည်တွင်းစစ်
ပုံမှန်ဆိုရင်တော့ စစ်တိုင်းတွေရဲ့ တည်နေရာကို ပြည်ပရန်ကာကွယ်ရေးအတွက်ပဲ အဓိကစဥ်းစားပေမဲ့ မြန်မာမှာတော့ ပြည်တွင်းစစ်အခြေအနေကိုပါ မဖြစ်မနေ ထည့်စဥ်းစားနေရပါပြီ။
DYSPHOR1A - မြန်မာဘဏ်တွေ အချက်အလက်ခိုးယူတဲ့ပြည်တွင်းဟက်ကာအဖွဲ့
ရန်ကုန်မြို့၊ အလုံမြို့နယ်မှာ အခြေချပြီး မြန်မာဘဏ်လုပ်ငန်းတွေရဲ့အချက်အလက်တွေကို ခိုးယူရောင်းစားနေတဲ့အဖွဲ့ DYSPHOR1A ကို စသုံးလုံးက ဖမ်းဆီးခဲ့ပြီဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ ဘဏ်လုပ်ငန်းတွေရဲ့အချက်အလက်တွေကို အမေရိကန်ဒေါ်လာ ၇၀၀ ကနေ ၈၅,၀၀၀ အထိ ဈေးခေါ်ပြီး ရောင်းစားခဲ့တာဖြစ်ပါတယ်။ DYSPHOR1A အဖွဲ့က ဘယ်သူလဲ။ ဘယ်လိုအလုပ်လုပ်လဲ။ ကိုယ့်ရဲ့ကိုယ်ရေးအချက်အလက်တွေ လုံခြုံမှုရှိသေးရဲ့လား။
ပထမ မြန်မာအမျိုးသမီးကမ္ဘာလှည့် ဒဂုန်ခင်ခင်လေး
မြန်မာပြည်မှာ ငါးနှစ်လောက် အချိန်ယူ ပြုပြင်လိုက်ရင် လန်ဒန်လို သန့်ရှင်းသွားမယ်လို့ ဒေါ်ခင်ခင်လေးက ယူဆပါတယ်။ ဘာလီကျွန်းမှာ လက်မှုအနုပညာတွေ ထွန်းကားပြီး ပြည်ပကို တင်ပို့နိုင်သလို မြန်မာပြည်က ပုသိမ်ထီးနဲ့ ရွှေချည်ထိုး၊ ယွန်းထည်စတဲ့ လက်မှုပစ္စည်းတွေကိုသာ တင်ပို့နိုင်ရင် အမေရိကန်သူတွေ ဘယ်လောက် မက်မက်စက်စက် ဝယ်ကြမလဲ ဆိုပြီး ရေးခဲ့ပါတယ်။
ဝါဒဖြန့်ပေးသူတွေကိုပါ စစ်တိုက်ခိုင်း မတဲ့လား
စစ်မှုထမ်းတာ ဂုဏ်ယူစရာလို့ ပြောခဲ့ကြတဲ့ ဝါရင့်အနုပညာရှင်တွေရဲ့ သားသမီးတွေပါ အကျုံးဝင်လာမလားဆိုတဲ့ မေးခွန်းက လွှတ်တော်ထဲအထိ ရောက်ရှိလာပါတယ်။
ဒေတာ ချွေတာချင်ပါသလား။
ဘီဘီစီမြန်မာပိုင်းသတင်းကို ဒေတာကုန်ကျမှု နည်းပါးသည့် ပုံဖြင့်ကြည့်ရန်





























































